လုကာ 1:72 - မြန်မာ့စံမီသမ္မာကျမ်း72-75 ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။ Ver CapítuloCommon Language Bible72 ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း72 ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့် သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။ Ver Capítulo |