ရှောလမုန်သီချင်း။ 8:5 - မြန်မာ့စံမီသမ္မာကျမ်း5 “ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။ Ver CapítuloCommon Language Bible5 ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။ Ver CapítuloGarrad Bible5 ကိုယ့် ချစ် သူ နှင့် ယှဉ်၍၊ တော မှ လာ သော သူ ကား၊ မည် သူ နည်း။ သင့် အ မိ သည်၊ ဝေ ဒ နာ ခံ၍ သင့် ကို မွေး ဘွား ရာ အ ရပ်၊ သစ် သော့ ပင် အောက် တွင် သင့် ကို မေ တ္တာ နှိုး ဆော် ခဲ့ ပြီ။ Ver CapítuloJudson Bible5 မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာသောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ငါသည်ရှောက်ချိုပင်အောက်မှာ သင့်ကိုနှိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကိုပေးစားခဲ့ပြီ။ ထိုအရပ်၌သင့်ကို ဖွားမြင်သောသူသည် သင့်ကိုပေးစားခဲ့ပြီ။ Ver Capítulo |
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။