Biblia Todo Logo
La Biblia Online
- Anuncios -




ရှောလမုန်သီချင်း။ 8:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 “အို အကျွန်ုပ်​ချစ်သူ​၊ အမွှေးနံ့သာ​တောင်​ပေါ်မှ ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် အပြေးလာ​ပါ​လော့​။”

Ver Capítulo Copiar

Common Language Bible

14 ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။

Ver Capítulo Copiar

Garrad Bible

14 ကျွန် မ၏ ချစ် သူ အ လျင် အ မြန် လာ၍ နံ့ သာ တောင် ပေါ် မှာ၊ ပျို ရွယ် သော သ မင် ဒ ရယ် ကဲ့ သို့ ပြု တော် မူ ပါ။

Ver Capítulo Copiar

Judson Bible

14 အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ နံ့​သာ​တောင်​ပေါ်​မှာ သ​မင်​ဒ​ရယ်​သ​ငယ်​ကဲ့​သို့ ပြု​တော်​မူ​ပါ။ ရှော​လ​မုန်​မင်း​ကြီး​သည် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်၏ မေ​တ္တာ​ကို​အ​ကြောင်း​ပြု၍ စီ​ရင်​ရေး​ထား​သော သီ​ချင်း​စာ​ပြီး၏။

Ver Capítulo Copiar




ရှောလမုန်သီချင်း။ 8:14
9 Referencias Cruzadas  

အကျွန်ုပ်​ချစ်သူ​၊ နေ့မကျိုးမီ​၊ အရိပ်​တို့​မ​ကွယ်ပျောက်​မီ ဗေသာ​တောင်​ပေါ်မှ ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် ပြန်လာ​ခဲ့​ပါ​။


အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။


အကျွန်ုပ်​ချစ်သူ​သည် ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် ဖြစ်​ပါ​၏​။ ကြည့်​ပါ​။ အကျွန်ုပ်​တို့​အိမ်​နောက်​နံရံ​တွင် ရပ်​နေ​၏​။ ပြတင်းပေါက်​များ​မှ ကြည့်​နေ​၏​။ ရာဇမတ်ကွက်​များ​ကြား​မှ စိုက်ကြည့်​နေ​၏​။


နေ့မကျိုးမီ​၊ အရိပ်​တို့​မ​ကွယ်ပျောက်​မီ မုရန်​တောင်​နှင့် လော်ဗန်​တောင်ကုန်း​သို့ ငါ​သွား​မည်​။


ကိုယ်တော်​က“မြင့်မြတ်​သော​ပုဂ္ဂိုလ်​တစ်​ဦး​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး​ပြန်လာ​ရန် ဝေးလံ​သော​တိုင်းပြည်​သို့ ခရီး​သွား​လေ​၏။


သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​ကောင်းချီးမင်္ဂလာ​ပေး​သည်​နှင့်အညီ စား​လို​သော​တိရစ္ဆာန်​ကို​သတ်​၍ မြို့​တိုင်း​၌ စားခွင့်​ရှိ​၏​။ ထို​အသား​ကို စင်ကြယ်​သော​သူ​ရော မစင်ကြယ်​သော​သူ​ပါ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စား​နိုင်​၏​။


သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။


ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။


ဤ​အကြောင်းအရာ​များ​ကို သက်သေခံ​သော​အရှင်​က“မှန်​ပေ​၏။ ငါ​သည်​အလျင်အမြန်​လာ​မည်”​ဟု မိန့်​တော်မူ​၏။ အာမင်။ သခင်​ယေရှု၊ ကြွလာ​တော်မူ​ပါ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos