ရှောလမုန်သီချင်း။ 7:1 - မြန်မာ့စံမီသမ္မာကျမ်း1 အို မင်းသမီး၊ ခြေနင်းစီးထားသောသင့်ခြေထောက်များသည် အလွန်လှပပါသည်တကား။ သင်၏တင်သည် လက်မှုပညာသည်ကဖန်တီးလိုက်သော အနုပညာလက်ရာနှင့်တူပါ၏။ Ver CapítuloCommon Language Bible1 သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။ Ver CapítuloGarrad Bible1 အ ချင်း မင်း သ မီး၊ ခြေ နင်း စီး လျက်၊ သင်၏ ခြေ များ သည် တင့် တယ် လေ စွ။ သင်၏ ခါး တိုင် သည်၊ ပ ညာ သည် ပြု လုပ် သော ရ တ နာ ကဲ့ သို့ ဖြစ် ပါ၏။ Ver CapítuloJudson Bible1 အိုမင်းသမီး၊ ခြေနင်းစီးလျက်၊ သင်၏ခြေတို့သည် အလွန်တင့်တယ်ပါ၏။ သင်၏ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သော ကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ၏။ Ver Capítulo |
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။