ရှောလမုန်သီချင်း။ 4:12 - မြန်မာ့စံမီသမ္မာကျမ်း12 အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ပိတ်ထားသောဥယျာဉ်၊ ပိတ်ထားသောရေကန်၊ ပိတ်ဆို့ထားသောစမ်းရေပေါက် ဖြစ်၏။ Ver CapítuloCommon Language Bible12 သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊ Ver CapítuloGarrad Bible12 ငါ့ နှ မ၊ ငါ့ ကြင် ရာ သည်၊ စည် ကား သော ဥ ယျာဉ်၊ ကာ ရံ သော စမ်း ပေါက်၊ တံ ဆိပ် ခတ် သော ရေ တွင်း ဖြစ် ပေ၏။ Ver CapítuloJudson Bible12 ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။ Ver Capítulo |
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။