Biblia Todo Logo
La Biblia Online
- Anuncios -




ရှောလမုန်သီချင်း။ 3:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဝေါယာဉ်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း​၊ အောက်ခြေ​ကို ရွှေ​ဖြင့်​လည်းကောင်း​၊ ထိုင်ခုံအခင်း​ကို ခရမ်းရောင်​အထည်​ဖြင့်​လည်းကောင်း ပြုလုပ်​ထား​၏​။ ဂျေရုဆလင်​သမီးပျို​တို့​သည် အတွင်းပိုင်း​ကို ချစ်စဖွယ်​ဖြစ်​အောင် ပြင်ဆင်​ပေး​ထား​၏​။

Ver Capítulo Copiar

Common Language Bible

10 ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။

Ver Capítulo Copiar

Garrad Bible

10 ကွန်း စင် တိုင် များ ကို ငွေ ဖြင့်လည်းကောင်း၊ ပ လ္လင် တံ ကဲ ကို ရွှေ ဖြင့်လည်း ကောင်း၊ နေ ရာ တော် ကို က မ္ပ လာ နီ ဖြင့် လည်း ကောင်း ပြီး စေ တော် မူ၏။ အ တွင်း ကို မူ ကား၊ ယေ ရု ရှ လင် မြို့ သူ တို့ သည်၊ မေ တ္တာ နှင့် ချယ် လှယ် ကြ ပြီ။

Ver Capítulo Copiar

Judson Bible

10 ကွန်း​စင်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်း​ကောင်း၊ အောက်​ပိုင်း​ကို ရွှေ​ဖြင့်​လည်း​ကောင်း၊ ထိုင်​ရန်​ဖုံ​ကို နီ​မောင်း​သော က​မ္ဗ​လာ​ဖြင့်​လည်း​ကောင်း ပြီး​စေ​တော်​မူ၏။ အ​တွင်း​ကို​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့​သည် မေ​တ္တာ​နှင့် ချယ်​လှယ်​ကြ​ပြီ။

Ver Capítulo Copiar




ရှောလမုန်သီချင်း။ 3:10
8 Referencias Cruzadas  

အို ဘုရားသခင်​၏​မြို့​တော်​၊ သင်​နှင့်​ပတ်သက်​သည့် ဂုဏ်ပြုချီးမွမ်း​ဖွယ်​ရာ​များ​ကို မြွက်ဆို​လျက်​ရှိ​၏​။(​စေလာ)


“အို ဂျေရုဆလင်​သမီးပျို​တို့​၊ အကျွန်ုပ်​သည် အသားမည်း​သော်လည်း ချစ်စရာကောင်း​ပါ​၏​။ ကေဒါ​တဲ​များ​၊ ရှောလမုန်​မင်းကြီး​၏​ရွက်ထည်​များ​နှင့် တူ​ပါ​၏​။


ရှောလမုန်​မင်းကြီး​သည် ကိုယ့်​အဖို့ ထို​ဝေါယာဉ်​ကို လက်ဘနွန်​သစ်သား​များ​ဖြင့် ပြုလုပ်​ထား​၏​။


သို့သော် ငါ​တို့​သည် အပြစ်သား​များ​ဖြစ်​ကြ​စဉ်​ပင် ခရစ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​သည် ငါ​တို့​အပေါ်​ထားရှိ​သော မိမိ​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို ထင်ရှား​စေ​တော်မူ​၏။


သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ်​ကာ


ငါ​သည် အောင်မြင်​သော​သူ​အား ငါ့​ဘုရားသခင်​၏​ဗိမာန်​တော်​၌ တိုင်​ဖြစ်​စေ​မည်။ သူ​သည် မည်သည့်​အခါ​မျှ အပြင်​သို့​ထွက်ခွာ​သွား​ရ​တော့​မည်​မ​ဟုတ်။ ငါ​သည် ငါ့​ဘုရားသခင်​၏​နာမ​တော်​ကို​လည်းကောင်း၊ ငါ့​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော ဘုရားသခင်​အထံ​တော်​ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် ဂျေရုဆလင်​မြို့​သစ်​၏​နာမ​ကို​လည်းကောင်း၊ ငါ​၏​နာမ​အသစ်​ကို​လည်းကောင်း သူ့​အပေါ်၌​ရေး​ထား​မည်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos