ရှောလမုန်သီချင်း။ 2:8 - မြန်မာ့စံမီသမ္မာကျမ်း8 အကျွန်ုပ်ချစ်သူ၏အသံပါတကား။ ကြည့်ပါ။ တောင်တန်းများကို ကျော်လွှားလျက်၊ တောင်ကုန်းများတွင် ခုန်ပျံလျက် လာနေပြီ။ Ver CapítuloCommon Language Bible8 ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။ Ver CapítuloGarrad Bible8 ကျန် မ ချစ် သူ ၏ အ သံ တ ကား၊ ကြည့် လော့။ တောင် ကြီး တောင် ငယ် တို့ အ ပေါ်၌ ခုန် ပေါက် လျက် လာ ပြီ။ Ver CapítuloJudson Bible8 ငါချစ်ရာ သခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက် ကြွလာ၏။ Ver Capítulo |
“အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ငြိမ်းချမ်းခြင်းအကြောင်းပြောကြားသောသူ၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ကယ်တင်ခြင်းအကြောင်းပြောကြားသောသူ၊ “သင်၏ဘုရားသခင်သည် စိုးစံတော်မူ၏”ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေသည် တောင်ပေါ်တွင် အလွန်တင့်တယ်စွပါတကား။