Biblia Todo Logo
La Biblia Online
- Anuncios -




ရှောလမုန်သီချင်း။ 2:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မြေ​ပေါ်မှာ ပန်း​များ ပွင့်​လေ​ပြီ​။ တေးသီချင်း​သီဆို​ချိန်​ရောက်​ပြီ​။ ငါ​တို့​ပြည်​တွင် ချိုးကူသံ​လည်း​ကြား​ရ​ပြီ​။

Ver Capítulo Copiar

Common Language Bible

12 သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။

Ver Capítulo Copiar

Garrad Bible

12 မြေ ပေါ် မှာ ပန်း များ ပွင့်၍၊ ကြွေး ကြော် ချိန် ရောက် လေ ပြီ။ နေ ပြည်၌ ချိုး ငှက် တို့ တွန် ကူ သံ ကို လည်း ကြား ရ ၏။

Ver Capítulo Copiar

Judson Bible

12 မြေ​ကြီး​ပေါ်​မှာ ပန်း​များ​ပွင့်​ကြ​ပြီ။ ငှက်​တို့ မြည်​တွန်​ချိန်​လည်း ရောက်​လေ​ပြီ။ ငါ​တို့​မြေ၌ ချိုး​ငှက် တွန်​သံ​ကို​လည်း ကြား​ရ၏။

Ver Capítulo Copiar




ရှောလမုန်သီချင်း။ 2:12
17 Referencias Cruzadas  

ကိုယ်တော်​က​လည်း “​သုံးနှစ်သား​နွားမတမ်း​တစ်​ကောင်​၊ သုံးနှစ်သား​ဆိတ်မ​တစ်​ကောင်​၊ သုံးနှစ်သား​သိုးထီး​တစ်​ကောင်​၊ ချိုးငှက်​တစ်​ကောင်​နှင့် ခိုငယ်​တစ်​ကောင်​တို့​ကို ငါ့​ထံသို့ ယူ​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော့်​ချိုးငှက်​၏​အသက်​ကို သားရဲတိရစ္ဆာန်​အား ပေး​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အဖိနှိပ်​ခံရ​သော​လူ​တို့​၏​အသက်​ကို အစဉ်​မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။


အို ထာဝရဘုရား​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​ကို သိကျွမ်း​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ထဲ၌ သွားလာ​ကြ​ပါ​၏​။


ကြည့်​ပါ​။ ဆောင်းရာသီ ကုန်​ပြီ​။ မိုး​လည်း ကုန်ဆုံး​ဆုတ်ခွာ​သွား​လေ​ပြီ​။


“​ချိုင့်ဝှမ်းလွင်ပြင်​ရှိ​အပင်ငယ်​တို့​ကို ကြည့်ရှု​ရန်​နှင့် စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ သလဲပင် ပွင့်​မ​ပွင့် တွေ့မြင်​ဖို့​ရန် သစ်သီးခြံ​သို့ အကျွန်ုပ်​ဆင်းသွား​၏​။


“အကျွန်ုပ်​ချစ်သူ​သည် ဥယျာဉ်​ထဲတွင် သိုး​ထိန်း​ရင်း နှင်းပန်း​များ​ကို​ခူးဆွတ်​ဖို့​ရန် မွှေးကြိုင်​သော​အိပ်ရာ​ရှိ​ရာ သူ​၏​ဥယျာဉ်​သို့ ဆင်းသွား​ပါ​၏​။


သင်​တို့​သည် ဝမ်းမြောက်​စွာ​ထွက်ခွာ​လာ​၍ ငြိမ်းချမ်း​စွာ​ပို့ဆောင်​ခြင်း​ခံရ​မည်​။ တောင်ကြီး​၊ တောင်ငယ်​တို့​သည် သင်​တို့​ရှေ့​၌ ဝမ်းမြောက်​စွာ​သီချင်း​ဟစ်ကြော်​သီဆို​ကြ​လိမ့်မည်​။ တော​၌​ရှိ​သော​အပင်​အားလုံး​တို့​သည် လက်ခုပ်တီး​ကြ​လိမ့်မည်​။


“မိုးကောင်းကင်​၌​ပျံဝဲ​သော​ငှက်ကျား​ပင်လျှင် ရာသီ​အချိန်​ကို​သိ​၏​။ ချိုးငှက်​၊ ကြိုးကြာ​၊ ပျံလွှား​တို့​သည်​လည်း သွားလာ​ရ​မည့်​အချိန်​ကို မှတ်​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​မူကား ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​သိ​ကြ​။


ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos