ရှင်ယောဟန် 9:31 - မြန်မာ့စံမီသမ္မာကျမ်း31 ဘုရားသခင်သည် အပြစ်သားတို့ကိုနားညောင်းတော်မမူ။ သို့သော် မည်သူမဆို ဘုရားသခင်ကိုရိုသေလေးမြတ်၍ အလိုတော်ကိုဆောင်ရွက်လျှင် ထိုသူကိုဘုရားသခင်နားညောင်းတော်မူကြောင်း အကျွန်ုပ်တို့သိကြပါ၏။ Ver CapítuloCommon Language Bible31 ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။- Ver CapítuloGarrad Bible31 ဘုရားသခင်သည် အပြစ်သားတို့အား နားညောင်းတော်မမူကြောင်းကိုလည်းကောင်း၊ ကြည်ညိုကိုးကွယ်လျက် အလိုတော်ကိုဆောင်ရွက်သူဖြစ်လျှင် နားညောင်းတော်မူကြောင်းကိုလည်းကောင်းသိကြပါ၏။ Ver CapítuloJudson Bible31 ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း31 ဘုရားသခင်သည် အပြစ်သားတို့၏ စကားကို နားထောင်တော်မမူကြောင်း ကျွန်ုပ်တို့သိကြ၏။ သို့သော် ဘုရားသခင်ကို ကိုးကွယ်၍ အလိုတော်ကို လိုက်နာသောသူ၏ စကားကိုမူ ဘုရားသခင်နားထောင်တော်မူ၏။ Ver Capítuloမြန်မာ31 ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။- Ver Capítulo |
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။