ရှင်ယောဟန် 8:52 - မြန်မာ့စံမီသမ္မာကျမ်း52 ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမြည်းစမ်းရမည်မဟုတ်’ဟု ဆိုပါသည်တကား။ Ver CapítuloCommon Language Bible52 ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။- Ver CapítuloGarrad Bible52 ယုဒလူမျိုးတို့ကလည်း သင်နတ်ဝင်ဖြစ်သည်ကိုယခုငါတို့သိကြပြီ။ အာဗြဟံနှင့်ပရောဖက်တို့ ကွယ်လွန်ကြပြီ။ သင်ကမူ မည်သူမဆိုငါ့တရားကိုစောင့်ရှောက်လျှင် အဘယ်ကာလမျှသေခြင်းနှင့် မကြုံကြိုက်ရဟူ၍ ဆိုပါသည်တကား။ Ver CapítuloJudson Bible52 ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည်တကား။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း52 ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။ Ver Capítuloမြန်မာ52 ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည်တကား။- Ver Capítulo |
ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။