ရှင်ယောဟန် 8:47 - မြန်မာ့စံမီသမ္မာကျမ်း47 ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်တို့ကိုနားထောင်၏။ သင်တို့နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible47 ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။ Ver CapítuloGarrad Bible47 ဘုရားသခင့်ထံမှဖြစ်ပွားသူသည် ဘုရားသခင့်ဗျာဒိတ်တော်ကိုနာယူတတ်၏။ သင်တို့သည် ဘုရားသခင့်ထံမှမဖြစ်ပွားသောကြောင့် မနာမယူကြချေဟု မိန့်တော်မူ၏။ Ver CapítuloJudson Bible47 ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း47 ဘုရားသခင်၏လူ ဖြစ်လျှင် ဘုရားသခင်၏စကားကို နားထောင်လိမ့်မည်။ သင်တို့သည် ဘုရားသခင်၏ လူမဟုတ်သောကြောင့် နားမထောင်ကြ” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ47 ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ Ver Capítulo |
ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက“သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏”ဟု ပြန်၍မိန့်တော်မူ၏။