ရှင်ယောဟန် 8:41 - မြန်မာ့စံမီသမ္မာကျမ်း41 သင်တို့သည် သင်တို့အဖပြုသောအမှုများကို ပြုကြ၏”ဟု မိန့်တော်မူလျှင် ထိုသူတို့က “အကျွန်ုပ်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားသခင်ရှိသည်”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible41 သင်တို့သည်သင်တို့အဖကဲ့သို့ကျင့်ကြ၏'' ဟုမိန့်တော်မူ၏။ ထိုသူတို့က ``အကျွန်ုပ်တို့သည်ဖခင်မဲ့မွေး သောသားများမဟုတ်။ အကျွန်ုပ်တို့မှာဘုရား သခင်တည်းဟူသောဖခင်တစ်ပါးတည်းရှိ၏'' ဟုဆိုကြ၏။ Ver CapítuloGarrad Bible41 ထိုအတိုင်း အာဗြဟံပြုသည်မဟုတ်၊ ကိုယ့်အဘ၏အကျင့်အလိုက်သင်တို့ပြုမူကြသည်တကားဟု မိန့်တော်မူသော် ကျွန်ုပ်တို့သည်မျောက်မထား၍ဖွားသောသားများမဟုတ်။ ဘုရားသခင်တည်းဟူသောအဘတစ်ဦးတည်းရှိကြသည်ဟု ပြန်ဆိုကြရာ၊ Ver CapítuloJudson Bible41 သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုး မဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတစ်ပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း41 သင်တို့သည် သင်တို့ဖခင်၏ အကျင့်အတိုင်း ကျင့်ကြ၏” ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း “အကျွန်ုပ်တို့သည် တရားမဝင်သောသားသမီးများ မဟုတ်။ ဘုရားသခင်သည်သာလျှင် အကျွန်ုပ်တို့၏ ဖခင်စစ်ဖြစ်တော်မူ၏” ဟု ဆိုကြ၏။ Ver Capítuloမြန်မာ41 သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုး မဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတစ်ပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။- Ver Capítulo |
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။