ရှင်ယောဟန် 7:47 - မြန်မာ့စံမီသမ္မာကျမ်း47 ဖာရိရှဲတို့ကလည်း “သင်တို့ပင်လျှင် လှည့်ဖြားခံရကြပြီလော။ Ver CapítuloCommon Language Bible47 ဖာရိရှဲများက ``သင်တို့သည်လည်းသူ၏လှည့် စားခြင်းကိုခံရကြပြီလော။- Ver CapítuloGarrad Bible47 ဖာရိရှဲတို့က သင်တို့လည်းဖြားယောင်းရာပါကြပြီလော။ Ver CapítuloJudson Bible47 ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း47 ထိုအခါ ဖာရိရှဲများက “သင်တို့သည်လည်း သူ၏ လှည့်စားခြင်းကို ခံရကြပြီလော။ Ver Capítuloမြန်မာ47 ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။- Ver Capítulo |
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
ထို့ကြောင့် ယခု ဟေဇကိမင်းကြီးသည် သင်တို့ကို မလှည့်စားစေနှင့်။ ထိုသို့ မသွေးဆောင်စေနှင့်။ သူ့ကို မယုံကြနှင့်။ အကြောင်းမူကား မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံ၏ဘုရားကမျှ မိမိလူမျိုးကို ငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးတို့လက်မှလည်းကောင်း မကယ်နုတ်နိုင်။ သင်တို့၏ဘုရားတို့သည်လည်း သင်တို့ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်’ဟူ၍ မိန့်မှာလိုက်သည်”ဟု ပြောကြားစေ၏။