ရှင်ယောဟန် 6:31 - မြန်မာ့စံမီသမ္မာကျမ်း31 ကျမ်းစာ၌ ‘ကောင်းကင်မှမုန့်ကို သူတို့စားရန်ပေးတော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရတွင် မန္နကိုစားရကြသည်”ဟု လျှောက်ကြ၏။ Ver CapítuloCommon Language Bible31 ကျမ်းစာတော်တွင် `ကိုယ်တော်သည်ထိုသူတို့စား ရန်ကောင်းကင်မှမုန့်ကိုချပေးတော်မူ၏' ဟု ပါရှိသည်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေး များသည်တောကန္တာရတွင်မန္နမုန့်ကိုစားကြ ရပါ၏'' ဟုလျှောက်ကြ၏။ Ver CapítuloGarrad Bible31 ကောင်းကင်ဘုံထဲမှ စားရန်အစာကိုပေးခဲ့သည်ဟူ၍ကျမ်းချက်ရှိသည့်အတိုင်း အကျွန်ုပ်တို့ဘိုးဘေးများသည် သဲတော၌မန္နမုန့်ကိုစားရပါသည်ဟုလျှောက်ကြရာ၊ Ver CapítuloJudson Bible31 ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဖို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း31 ကျမ်းစာတွင် ‘ထိုသူတို့ စားရန် သူသည် ကောင်းကင်မှ မုန့်ကို ပေး၏’ ဟု ရေးသားထားသည့်အတိုင်း ကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နမုန့်ကို စားကြရ၏” ဟု လျှောက်ကြ၏။ Ver Capítuloမြန်မာ31 ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဖို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။ Ver Capítulo |