ရှင်ယောဟန် 4:48 - မြန်မာ့စံမီသမ္မာကျမ်း48 ယေရှုကလည်း“သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကို မမြင်ရလျှင် မည်သည့်အခါမျှ ယုံကြည်ကြမည်မဟုတ်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible48 သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible48 ထိုအခါ ယေရှုက၊ သင်တို့သည်နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများကိုမမြင်ရလျှင်၊ အလျှင်းယုံကြမည်မဟုတ်ဟုမိန့်တော်မူရာ၊ Ver CapítuloJudson Bible48 ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း48 ထိုအခါ ယေရှုက “သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ48 ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊- Ver Capítulo |
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။