ရှင်ယောဟန် 3:36 - မြန်မာ့စံမီသမ္မာကျမ်း36 သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောသူမူကား အသက်ကိုမတွေ့မမြင်ရသည်သာမက ဘုရားသခင်၏အမျက်တော်သည် သူ့အပေါ်၌တည်၏။ Ver CapítuloCommon Language Bible36 သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။ Ver CapítuloGarrad Bible36 သားတော်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သားတော်အားမလိုက်မနာသူမူကား ထာဝရအသက်ကိုတွေ့မြင်ခွင့်မရဘဲ ဘုရားသခင့်အမျက်တော်ဒဏ်တည်သူဖြစ်သတည်း။ Ver CapítuloJudson Bible36 သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း36 သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။ Ver Capítuloမြန်မာ36 သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ Ver Capítulo |
ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။