ရှင်ယောဟန် 21:6 - မြန်မာ့စံမီသမ္မာကျမ်း6 ကိုယ်တော်ကလည်း“လှေ၏ယာဘက်တွင် ပိုက်ကွန်ကိုပစ်ချကြလော့။ ထိုသို့ပြုလျှင် ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့ကြောင့် သူတို့သည် ပိုက်ကွန်ကိုပစ်ချကြရာ ငါးများစွာမိသဖြင့် ပိုက်ကွန်ကိုဆွဲတင်၍မရနိုင်ကြတော့ပေ။ Ver CapítuloCommon Language Bible6 ကိုယ်တော်က ``သင်တို့လှေ၏လက်ယာဘက်သို့ ကွန်ကိုပစ်လော့၊ ငါးမိလိမ့်မည်'' ဟုမိန့်တော်မူ ၏။ မိန့်တော်မူသည့်အတိုင်းသူတို့သည်ကွန်ကို ပစ်ကြရာမိသည့်ငါးများလှသဖြင့်ကွန်ကို မဆွဲတင်နိုင်ကြချေ။ Ver CapítuloGarrad Bible6 ကိုယ်တော်က လှေ့ယာဘက်တွင်ပိုက်ချလော့။ ရကြလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်းချကြရာ ငါးများစွာမိသဖြင့် မဆွဲမတင်နိုင်ကြ။ Ver CapítuloJudson Bible6 တစ်ဖန်ယေရှုက၊ လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ယေရှုက “သင်တို့၏ ပိုက်ကွန်ကို လှေ၏ လက်ယာဘက်သို့ ပစ်ချလော့။ ငါးများစွာ မိလိမ့်မည်” ဟု မိန့်တော်မူ၏။ သူတို့သည် ယေရှုမိန့်တော်မူသည့်အတိုင်း ပိုက်ကွန်ကို ပစ်ကြရာ ငါးများစွာ ဖမ်းမိသောကြောင့် ပိုက်ကွန်ကိုပင် မဆွဲတင်နိုင်ကြချေ။ Ver Capítuloမြန်မာ6 တစ်ဖန်ယေရှုက၊ လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။ Ver Capítulo |