ရှင်ယောဟန် 20:15 - မြန်မာ့စံမီသမ္မာကျမ်း15 ယေရှုကလည်း“အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာနေသနည်း”ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible15 သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။ Ver CapítuloGarrad Bible15 ယေရှုကလည်း အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ မည်သူ့ကိုရှာသနည်းဟုမေးတော်မူသည့်ကာလ ဥယျာဉ်စောင့်ထင်မှတ်၍ မာရိက အလောင်းတော်ကိုရှင်ရွှေ့လျှင် အဘယ်မှာထားသည်ကိုပြောပါ၊ ကျွန်မယူသွားပါမည်ဟုပြန်ဆိုရာ၊ Ver CapítuloJudson Bible15 ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း15 ယေရှုက “အို နှမငယ်… အဘယ်ကြောင့် ငိုကြွေးသနည်း။ မည်သူ့ကို ရှာသနည်း” ဟု မာရိကို မေးတော်မူ၏။ မာရိသည် ယေရှုကို ဥယျာဉ်စောင့်ဟု ထင်မှတ်၍ “အရှင်… ကိုယ်တော်သည် သူ့ကို သယ်ယူသွားခဲ့လျှင် မည်သည့်နေရာ၌ ထားသည်ကို ကျွန်မကို ပြောပါ။ ကျွန်မ သွား၍ ယူပါမည်” ဟု ဆို၏။ Ver Capítuloမြန်မာ15 ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။- Ver Capítulo |