ရှင်ယောဟန် 19:38 - မြန်မာ့စံမီသမ္မာကျမ်း38 ထိုသို့ဖြစ်ပြီးသည့်နောက် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် လျှို့ဝှက်စွာ ယေရှု၏တပည့်တော်ဖြစ်နေသော အရိမသဲမြို့သား ယောသပ်ဆိုသူသည် ယေရှု၏အလောင်းတော်ကို ယူသွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆိုလေ၏။ ပိလတ်မင်းသည်လည်း ခွင့်ပြုလိုက်သဖြင့် သူသည်လာ၍ အလောင်းတော်ကို ယူသွားလေ၏။ Ver CapítuloCommon Language Bible38 ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။- Ver CapítuloGarrad Bible38 ထိုနောက်ယုဒလူမျိုးတို့ကိုကြောက်ရွံ့၍ ယေရှု၏တပည့်တော်အဖြစ်သို့ မထင်မရှားရောက်သော အရိမဿဲမြို့သားယောသပ်သည် ပိလတ်မင်းထံ ယေရှု၏အလောင်းကိုယူသွားခွင့်တောင်းရာ ပိလတ်မင်းအခွင့်ပြုသည့်အတိုင်း လာရောက်ယူသွားလေ၏။ Ver CapítuloJudson Bible38 ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း38 ထို့နောက် အရိမဿဲမြို့သားယောသပ်သည် ယေရှု၏အလောင်းတော်ကို လက်ဝါးကပ်တိုင်မှ ယူသွားခွင့်ပြုရန် ပိလတ်မင်းထံ ခွင့်တောင်း၏။ ယောသပ်သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် ယေရှု၏တပည့်အဖြစ် လူသိမခံရဲပေ။ ပိလတ်မင်းသည်လည်း ခွင့်ပြုသဖြင့် ယောသပ်သည် လာ၍ အလောင်းတော်ကို ယူဆောင်သွား၏။ Ver Capítuloမြန်မာ38 ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။- Ver Capítulo |