ရှင်ယောဟန် 18:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထိုသို့မိန့်တော်မူသည်မှာ“အကျွန်ုပ်ထံ ကိုယ်တော်ပေးအပ်တော်မူသောသူတို့တွင် မည်သူမျှ အကျွန်ုပ်မဆုံးရှုံးခဲ့ပါ”ဟု ကိုယ်တော်မြွက်ဆိုခဲ့သောစကား ပြည့်စုံစေရန်ဖြစ်၏။ Ver CapítuloCommon Language Bible9 (ဤသို့မိန့်တော်မူခြင်းမှာ ``ကိုယ်တော်ပေးအပ် တော်မူသောသူတစ်စုံတစ်ယောက်မျှဆုံးပါး ပျက်စီးမှုမရှိပါ'' ဟုယခင်ကကိုယ်တော် မြွက်ဆိုခဲ့သည့်အတိုင်းဖြစ်ပျက်လာစေရန် ပင်တည်း။) Ver CapítuloGarrad Bible9 ထို့သို့မိန့်တော်မူသည်မှာ အကျွန်ုပ်အားသနားတော်မူသောသူတို့အနက် တစ်ယောက်ကိုမျှအကျွန်ုပ်မဖျောက်ပါဟူ၍ မိန့်တော်မူချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။ Ver CapítuloJudson Bible9 ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်စီးခြင်းသို့ မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသို့မိန့်တော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း9 ဤသို့ မိန့်တော်မူခြင်းမှာ “ကိုယ်တော် အကျွန်ုပ်အား ပေးအပ်တော်မူခဲ့သောသူ တစ်ယောက်မျှ ပျက်စီးခြင်းမရှိပါ” ဟု ယခင်က မိမိမိန့်တော်မူခဲ့သောစကားတော် ဖြစ်လာရန်ပင်ဖြစ်၏။ Ver Capítuloမြန်မာ9 ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်စီးခြင်းသို့ မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသို့မိန့်တော်မူ၏။ Ver Capítulo |