ရှင်ယောဟန် 17:19 - မြန်မာ့စံမီသမ္မာကျမ်း19 သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။ Ver CapítuloCommon Language Bible19 သူတို့သည်အမှုတော်ဆောင်ရန်အတွက်မိမိ တို့ကိုယ်ကိုအမှန်ဆက်ကပ်သူများဖြစ်လာ ကြစေရန် အကျွန်ုပ်သည်သူတို့၏အကျိုးကို ထောက်၍မိမိကိုယ်ကိုဆက်ကပ်ပါ၏။'' Ver CapítuloGarrad Bible19 သမ္မာဓမ္မ၌ သီးသန့်ကြစေရန် သူတို့အတွက်အကျွန်ုပ်ကိုယ်ကိုသီးသန့်ထားပါ၏။ Ver CapítuloJudson Bible19 သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဖို့အလိုငှာ ကိုယ်ကို သန့်ရှင်းစေပါ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။ Ver Capítuloမြန်မာ19 သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဖို့အလိုငှာ ကိုယ်ကို သန့်ရှင်းစေပါ၏။ Ver Capítulo |
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။