ရှင်ယောဟန် 14:21 - မြန်မာ့စံမီသမ္မာကျမ်း21 ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible21 ``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible21 ငါ့ပညတ်များကိုရ၍စောင့်ရှောက်သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူ့အား ငါ့ခမည်းတော်မေတ္တာသက်တော်မူသည့်ပြင် ငါလည်းမေတ္တာသက်၍ ထင်ရှားမည်ဟုမိန့်တော်မူ၏။ Ver CapítuloJudson Bible21 ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။ Ver Capítuloမြန်မာ21 ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။ Ver Capítulo |
အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
ကိုယ်တော်သည် သင့်ကိုချစ်မည်။ ကောင်းချီးပေးမည်။ တိုးပွားစေမည်။ ထိုပြည်ကို သင့်အားပေးမည်ဟု သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီးမှစ၍ မြေထွက်ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက်တို့ကို ကောင်းချီးပေးတော်မူမည်။