ရှင်ယောဟန် 12:45 - မြန်မာ့စံမီသမ္မာကျမ်း45 ငါ့ကိုမြင်သောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုမြင်၏။ Ver CapítuloCommon Language Bible45 ငါ့ကိုတွေ့မြင်သူသည်ငါ့ကိုသာတွေ့မြင် သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်းတွေ့မြင်၏။- Ver CapítuloGarrad Bible45 ငါ့ကိုဖူးမြင်သူလည်း စေလွှတ်တော်မူလိုက်သောအရှင်ကိုဖူးမြင်၏။ Ver CapítuloJudson Bible45 ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း45 ငါ့ကို မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကိုလည်း မြင်၏။ Ver Capítuloမြန်မာ45 ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။- Ver Capítulo |
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။