ရှင်ယောဟန် 12:41 - မြန်မာ့စံမီသမ္မာကျမ်း41 ဟေရှာယသည် ယေရှု၏ဘုန်းအသရေတော်ကိုမြင်ရသောကြောင့် ဤသို့ပြောဆိုပြီး ကိုယ်တော်၏အကြောင်းကို ဟောပြောခဲ့ခြင်းဖြစ်၏။ Ver CapítuloCommon Language Bible41 ဟေရှာယသည်သခင်ယေရှု၏ဘုန်းအသရေ ကိုဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဤသို့မြွက်ဆိုခြင်းဖြစ်၏။ Ver CapítuloGarrad Bible41 ထိုသို့ ဟေရှာယဆင့်ဆိုသည့်အကြောင်းမှာ ကိုယ်တော်၏ဘုန်းတော်ကိုဖူးမြင်၍ ကိုယ်တော်ကိုရည်လျက် ကြားပြောနှင့်သတည်း။ Ver CapítuloJudson Bible41 ဟေရှာယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း41 ဟေရှာယသည် ယေရှု၏ ဘုန်းအသရေကို တွေ့မြင်ခဲ့သောကြောင့် ယေရှုကို ရည်ညွှန်း၍ ဤသို့ဟောပြောခြင်းဖြစ်၏။ Ver Capítuloမြန်မာ41 ဟေရှာယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။- Ver Capítulo |
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။