ရှင်ယောဟန် 12:38 - မြန်မာ့စံမီသမ္မာကျမ်း38 ဤသည်ကား “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း”ဟု ပရောဖက်ဟေရှာယဟောပြောထားသောစကား ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ Ver CapítuloCommon Language Bible38 ဤသို့ဖြစ်ရသည်မှာ၊ ``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။- Ver CapítuloGarrad Bible38 ထိုသို့မယုံကြသည်မှာ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကြားရသောသတင်းကိုယုံကြည်သူ၊ ထာဝရဘုရား၏ လက်ရုံးတော်ကိုမြင်ရသူ၊ မည်သူနည်းဟူ၍ပရောဖက်ဟေရှာယဆင့်ဆိုချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။ Ver CapítuloJudson Bible38 ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း38 ဤအရာသည် ပရောဖက်ဟေရှာယ ဟောပြောထားသည့်အတိုင်း ဖြစ်လာရန်ပင်ဖြစ်၏။ ထိုဟောပြောချက်မှာ “အို ထာဝရဘုရား… မည်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကို ယုံပါသနည်း။ အရှင်၏ တန်ခိုးတော်ကို မည်သူ့အား ဖော်ပြသနည်း” ဟူ၍ ဖြစ်၏။ Ver Capítuloမြန်မာ38 ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။- Ver Capítulo |
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။