ရှင်ယောဟန် 11:55 - မြန်မာ့စံမီသမ္မာကျမ်း55 ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။ Ver CapítuloCommon Language Bible55 ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။- Ver CapítuloGarrad Bible55 ထိုအခါ ယုဒလူမျိုး၏ပသခါပွဲတိုင်လုနီးသည်ဖြစ်၍ အများတို့သည်ကျေးတောမှ ယေရုရှလင်မြို့သို့ သန့်စေခြင်းဝတ်ကိုပြုရန် ပွဲမတိုင်မီရောက်ကြရာ၊ ယေရှုကိုရှာ၍ ဗိမာန်တော်တွင်ရှိနေကြစဉ်၊ Ver CapítuloJudson Bible55 ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း55 ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ကျေးရွာအသီးသီးမှ လူများစွာတို့သည် သန့်ရှင်းစင်ကြယ်ခြင်းအမှုကို ပြုရန် ပွဲတော်မစမီ ဂျေရုဆလင်မြို့သို့ ကြိုတင်ရောက်လာကြ၏။ Ver Capítuloမြန်မာ55 ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- Ver Capítulo |
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
ထိုသူတို့ကို ခေါ်သွား၍ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် သူတို့ခေါင်းကို ခေါင်းတုံးရိတ်ရန် သူတို့အတွက် စရိတ်ခံပေးပါလော့။ သို့ပြုလျှင် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင် ပညတ်တရားကိုစောင့်ထိန်းလျက် လိုက်လျှောက်နေကြောင်း သူတို့အားလုံးသိကြလိမ့်မည်။
ထိုအခါ ပေါလုသည် ထိုလူလေးဦးတို့ကိုခေါ်၍ နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် ဗိမာန်တော်ထဲသို့ဝင်ကာ သူတို့တစ်ဦးစီအတွက် ပူဇော်သက္ကာဆက်သမည့်အချိန်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူသည့် နေ့ရက်များပြီးဆုံးမည့်အချိန်ကို အသိပေးလေ၏။