ရှင်ယောဟန် 10:29 - မြန်မာ့စံမီသမ္မာကျမ်း29 သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။ Ver CapítuloCommon Language Bible29 သူတို့ကိုငါ့အားပေးသနားတော်မူသော ခမည်းတော်သည်ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍မည်သူမျှသိုး တို့ကိုခမည်းတော်၏လက်မှမလုမယူနိုင်။- Ver CapítuloGarrad Bible29 သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။ Ver CapítuloJudson Bible29 ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနုတ်မယူနိုင်ရာ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း29 ထိုသိုးတို့ကို ငါ့အား ပေးအပ်တော်မူသော ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ ထို့ကြောင့် မည်သူကမျှ ထိုသိုးတို့ကို ခမည်းတော်၏ လက်တော်မှ လုယူသွားနိုင်မည်မဟုတ်။ Ver Capítuloမြန်မာ29 ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနုတ်မယူနိုင်ရာ။ Ver Capítulo |
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။
ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။