ရှင်မာကု 9:24 - မြန်မာ့စံမီသမ္မာကျမ်း24 သူငယ်၏ဖခင်က “အကျွန်ုပ်ယုံကြည်ပါ၏။ အကျွန်ုပ်၏မယုံကြည်မှုကို ကူညီမစတော်မူပါ”ဟု ချက်ချင်းအော်ဟစ်လျက် လျှောက်ထားလေ၏။ Ver CapítuloCommon Language Bible24 ချက်ချင်းပင်သူငယ်၏အဖက ``အကျွန်ုပ်အကယ် ပင်ယုံကြည်ပါ၏။ ယုံကြည်ခြင်းမပြည့်စုံသည့် အတွက်အကျွန်ုပ်အားမစတော်မူပါ'' ဟုကျယ် စွာလျှောက်ထား၏။ Ver CapítuloGarrad Bible24 ယေ ရှု မိန့် တော် မူ သည် နှင့် တစ် ပြိုင် နက် သူ ငယ်၏ အ ဘ က ယုံ ကြည် ပါ သည်။ ကျွန် တော့် မ ယုံ ကြည် ခြင်း ကို မ စ တော် မူ ပါ ဟု ဟစ် လျက် လျှောက် ထား လေ ၏။ Ver CapítuloJudson Bible24 သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း24 သူငယ်၏ဖခင်ကလည်း ချက်ချင်းအော်ဟစ်၍ “အကျွန်ုပ်ယုံကြည်ပါ၏။ သံသယမဝင်ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။ Ver Capítuloမြန်မာ24 သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။- Ver Capítulo |
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။