ရှင်မာကု 3:21 - မြန်မာ့စံမီသမ္မာကျမ်း21 ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည်ကြားလျှင် ကိုယ်တော်ကိုထိန်းချုပ်ရန် ထွက်လာကြ၏။ အကြောင်းမှာ “သူသည် စိတ်ဖောက်ပြန်နေပြီ”ဟု လူတို့ပြောဆိုနေကြသောကြောင့်ဖြစ်၏။ Ver CapítuloCommon Language Bible21 လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။ Ver CapítuloGarrad Bible21 ရူး သွပ် ပြီ ဟု ဆို လျက် ကိုယ် တော် ကို ဖမ်း ဆီး ရန် ထွက် လာ ကြ ၏။ Ver CapítuloJudson Bible21 ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 ကိုယ်တော်၏ မိသားစုဝင်တို့သည် ဖြစ်ပျက်သမျှကို ကြားလျှင် ကိုယ်တော်ကို ထိန်းချုပ်ရန် ရောက်လာကြ၏။ သူတို့က “သူသည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။ Ver Capítuloမြန်မာ21 ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။- Ver Capítulo |