Biblia Todo Logo
La Biblia Online
- Anuncios -




ရှင်မာကု 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 လူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် ဥပုသ်နေ့​၌ ထို​သူ​အား အကောင်းပကတိ​ဖြစ်​စေ​မည်​၊ မ​ဖြစ်​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။

Ver Capítulo Copiar

Common Language Bible

2 ထို​နေ​ရာ​ရှိ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင် စွပ်​စွဲ​ရန်​အ​လို့​ငှာ သူ​၏​ရော​ဂါ​ကို​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​ပျောက်​ကင်း​စေ​တော်​မူ​မည်၊ မ​မူ​မည် ကို​စောင့်​ကြည့်​နေ​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

2 ကိုယ် တော် ကို အ ပြစ် စွဲ ဆို လို၍ ဥ ပုသ် နေ့ တွင် ထို သူ နာ ကို ကျန်း မာ စေ တော် မူ မည် မ မူ မည် စောင့် ကြည့် လျက် နေ ကြ သည့် ကာ လ၊ ကိုယ် တော် က လက် သေ ခြောက် သူ့ အား၊

Ver Capítulo Copiar

Judson Bible

2 ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ဖာရိရှဲတို့​သည် ယေရှု​ကို ပြစ်တင်​စွပ်စွဲ​လို​သဖြင့် ယေရှု​သည် ဥပုသ်နေ့​တွင် ထို​သူ​အား ကုသမည်၊ မကုသမည်​ကို စောင့်ကြည့်​နေကြ၏။

Ver Capítulo Copiar

မြန်မာ

2 ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။-

Ver Capítulo Copiar




ရှင်မာကု 3:2
12 Referencias Cruzadas  

ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​ကို စောင့်ကြည့်​၍ သူ့​ကို​သတ်​ရန်​ရှာကြံ​တတ်​၏​။


အကြောင်းမူကား လူ​အများ​တို့​က “​ပတ်ပတ်လည်​၌ ကြောက်လန့်စရာ​ရှိ​၏​။ သတင်းပို့​ကြ​စို့​။ ငါ​တို့​သတင်းပို့​ကြ​စို့​”​ဟူ၍ တီးတိုးပြောသံ​ကို​သာ ငါ​ကြား​ရ​၏​။ အကျွန်ုပ်​၏​မိတ်ဆွေရင်းချာ​အပေါင်း​တို့​လည်း အကျွန်ုပ်​ပြိုလဲ​သည်​ကို စောင့်ကြည့်​၍ “​သူ့​ကို လှည့်စား​၍ ရ​ကောင်း​ရ​နိုင်​လိမ့်မည်​။ သူ့​ကို အနိုင်ယူ​မည်​။ လက်တုံ့ပြန်​မည်​”​ဟု ဆို​ကြ​၏​။


ထိုအခါ အခြား​အုပ်ချုပ်ရေးမှူး​နှင့် အုပ်ချုပ်ရေး​အရာရှိ​တို့​သည် နိုင်ငံ​အရေး​နှင့်​ပတ်သက်၍ ဒံယေလ​ကို စွပ်စွဲ​နိုင်​ရန် သူ​၏​အမှား​ကို ရှာကြံ​ကြ​၏​။ သို့သော် ဒံယေလ​သည် သစ္စာရှိ​သူ​ဖြစ်​သည်​နှင့်အညီ သူ​၌ မှားယွင်းမှု​၊ ပေါ့ဆမှု​တစ်စုံတစ်ရာ​မျှ​မ​ရှိ​။ သူ​၌​အမှား​မ​တွေ့​သောကြောင့် သူ့​ကို​စွပ်စွဲ​၍​မ​ရ​ကြ​။


ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။


ကိုယ်တော်​က​လည်း လက်​တစ်​ဖက်​သေ​သော​သူ​အား“အားလုံး​ရှေ့၌​မတ်တတ်ရပ်​လော့”​ဟု မိန့်​တော်မူ​၏။


တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။


ထို့ကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​လျက် နှုတ်​တော်​ထွက်​စကား​တွင် အပြစ်​ရှာ​၍ ကိုယ်တော်​ကို ဘုရင်ခံ​၏​အုပ်ချုပ်​မှု​အာဏာ​အောက်သို့ အပ်နှံ​နိုင်​ရန် ဖြောင့်မတ်​သူ​အဖြစ် ဟန်ဆောင်​သော​သူလျှို​များ​ကို စေလွှတ်​ကြ​၏။


ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​စရာ​အကြောင်း တွေ့ရှိ​နိုင်​ရန်​အတွက် ကိုယ်တော်​သည် ဥပုသ်နေ့​၌ အနာရောဂါ​ငြိမ်း​စေ​မည်​၊ မ​ငြိမ်း​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။


သူ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​ခွင့်​ရရှိ​ရန် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ဤသို့​လျှောက်ထား​ကြ​ခြင်း​ဖြစ်​၏။ သို့ရာတွင် ယေရှု​သည်​ငုံ့​၍ လက်ညှိုး​တော်​ဖြင့် မြေ​ပေါ်၌​ရေး​လျက်​နေ​တော်မူ​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​က “ဤ​သူ​သည် ဥပုသ်နေ့​ကို​မ​စောင့်ထိန်း​သောကြောင့် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့သော် အချို့​တို့​က “အပြစ်သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤသို့​သော​နိမိတ်​လက္ခဏာ​များ​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ဆို​ကြ​သဖြင့် သူ​တို့​ထဲတွင်​ကွဲပြား​ခြင်း​ရှိ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos