ရှင်မာကု 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထိုနည်းတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ရောသားရေဘူးပါ ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible22 ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။ Ver CapítuloGarrad Bible22 သား ရေ ဘူး ဟောင်း တွင် လည်း မည် သူ မျှ စ ပျစ် ရည် သစ် ကို မ ထည့် တတ်။ ထည့် လျှင် ဘူး ကို စ ပျစ် ရည် ဖောက် ခွဲ သ ဖြင့် ဘူး နှင့် အ ရည် ပျက် တတ်၏။ စ ပျစ် ရည် သစ် ကို ဘူး သစ် တွင် ထည့် လေ့ ရှိ သည် ဟု မိန့် တော် မူ၏။ Ver CapítuloJudson Bible22 ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း22 ထို့အတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်းထဲသို့ ထည့်လေ့မရှိကြ။ ထိုသို့ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးအဟောင်းကို ပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်နှင့် သားရေဘူးနှစ်ခုလုံး ဆုံးရှုံးလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်တွင်သာ ထည့်ရ၏” ဟု ထိုသူတို့ကို မိန့်တော်မူ၏။ Ver Capítuloမြန်မာ22 ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။ Ver Capítulo |