Biblia Todo Logo
La Biblia Online
- Anuncios -




ရှင်မာကု 16:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​ထဲသို့​ဝင်​ကြ​ရာ ဝတ်လုံ​ဖြူ​ဝတ်ဆင်​သော​လူငယ်​တစ်​ဦး​သည် လက်ယာ​ဘက်​၌​ထိုင်​နေ​သည်​ကို​တွေ့မြင်​သဖြင့် ထိတ်လန့်​အံ့ဩ​ကြ​၏။

Ver Capítulo Copiar

Common Language Bible

5 သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။

Ver Capítulo Copiar

Garrad Bible

5 ဂူ တော် တွင်း သို့ ဝင် ကြ သော် ယာ ဘက် တွင် ထိုင် လျက် ဖွဲ့ ဖြူ ဝတ် လုံ ဆင် ယင် သော ပျို ရွယ် သူ တစ် ပါး ကို မြင်၍ အံ့ အား သင့် ကြ ရာ၊

Ver Capítulo Copiar

Judson Bible

5 မိန်း​မ​တို့​သည် တွင်း​ထဲ​သို့​ဝင်​ကြ​ပြီး​လျှင်၊ လု​လင်​တစ်​ယောက်​သည် ဖြူ​စင်​ရှည်​လျား​သော​အင်္ကျီ​ကို ဝတ်​လျက် လက်​ယာ​ဘက်၌ ထိုင်​သည်​ကို​မြင်၍ ထိတ်​လန့် မိန်း​မော​ခြင်း​သို့ ရောက်​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ထို့နောက် သူတို့​သည် သင်္ချိုင်းဂူ​ထဲသို့ ဝင်ကြ​ရာ ဝတ်ရုံ​ဖြူ​ကို ဝတ်ထားသော​လူငယ်​တစ်ဦး​သည် လက်ယာဘက်​၌ ထိုင်နေသည်​ကို တွေ့မြင်​သဖြင့် ထိတ်လန့်ကြ၏။

Ver Capítulo Copiar

မြန်မာ

5 မိန်း​မ​တို့​သည် တွင်း​ထဲ​သို့​ဝင်​ကြ​ပြီး​လျှင်၊ လု​လင်​တစ်​ယောက်​သည် ဖြူ​စင်​ရှည်​လျား​သော​အင်္ကျီ​ကို ဝတ်​လျက် လက်​ယာ​ဘက်၌ ထိုင်​သည်​ကို​မြင်၍ ထိတ်​လန့် မိန်း​မော​ခြင်း​သို့ ရောက်​ကြ၏။-

Ver Capítulo Copiar




ရှင်မာကု 16:5
14 Referencias Cruzadas  

တစ်ဖန် သူ​က “​ဒံယေလ​၊ မ​ကြောက်​နှင့်​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​တွင် ကိုယ်​ကို​နှိမ့်ချ​၍ နားလည်​လို​သော​ဆန္ဒရှိ​သည့်​ပထမဆုံး​နေ့​မှစ၍ သင့်​စကား​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။ သင့်​စကား​ကြောင့် ငါ​ရောက်လာ​ရ​ခြင်း​ဖြစ်​၏​။


ထိုအခါ ဂါဗြေလ​သည် ငါ့​ထံ​ချဉ်းကပ်​လာ​သဖြင့် ငါ​လည်း ကြောက်လန့်​တုန်လှုပ်​၍ မှောက်​လျက်​လဲကျ​သွား​၏​။ သူ​က​လည်း “​အချင်း​လူသား​၊ ဤ​ဗျာဒိတ်နိမိတ်​သည် နောက်ဆုံး​ကာလ​နှင့်ဆိုင်သည်​ကို သိမှတ်​လော့​”​ဟု ငါ့​အား ပြောပြ​၏​။


သူ​၏​အဆင်း​သဏ္ဌာန်​သည် လျှပ်စီးလက်​သကဲ့သို့​ဖြစ်​ပြီး သူ​၏​အဝတ်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏။


လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​အရာ​ကား မည်သို့​နည်း။ အခွင့်​အာဏာ​ပါ​သည့် သွန်သင်​ချက်​အသစ်​ပါ​တကား။ ညစ်ညူး​သော​နတ်​များ​ကို​ပင် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်တော်​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​၏။


ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့်


သို့သော် သူ​တို့​မျှော်ကြည့်​ကြ​သောအခါ ကျောက်တုံး​အား လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ ထို​ကျောက်တုံး​ကား အလွန်​ကြီးမား​လှ​၏။


လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ကို​မြင်​သည်နှင့် အလွန်​အံ့သြ​လျက် ပြေး​လာ​၍ ကိုယ်တော်​ကို​နှုတ်ဆက်​ကြ​၏။


ဇာခရိ​သည်​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ ကြောက်ရွံ့​လေ​၏။


ထို့နောက် သင်္ချိုင်း​တော်​သို့​ဦးစွာ​ရောက်​သော အခြား​တပည့်​တော်​သည်​လည်း​ဝင်လာ​၍ မြင်​သဖြင့် ယုံကြည်​လေ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos