ရှင်မာကု 16:19 - မြန်မာ့စံမီသမ္မာကျမ်း19 သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။ Ver CapítuloCommon Language Bible19 ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။- Ver CapítuloGarrad Bible19 အ ရှင် ယေ ရှု သည် ထို သို့ မိန့် တော် မူ ပြီး မှ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ကို ခံ၍ ဘု ရား သ ခင့် ယာ ဘက် တော်၌ စံ တော် မူ၏။ Ver CapítuloJudson Bible19 ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း19 ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။ Ver Capítuloမြန်မာ19 ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။- Ver Capítulo |
ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား“ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့”ဟု မိန့်တော်မူ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။