Biblia Todo Logo
La Biblia Online
- Anuncios -




ရှင်မာကု 15:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။

Ver Capítulo Copiar

Common Language Bible

36 လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။

Ver Capítulo Copiar

Garrad Bible

36 လူ တစ် ယောက် သည် ပြေး၍ ရေ မှို တစ် ပွင့် ကို ပုန်း ရည် နှင့် ပြည့် စေ ပြီး လျှင် ကျူ လုံး တွင် တပ် လျက် တိုက် စဉ် ရှိ ပါ လေ စေ။ သူ့ ကို ချ ယူ အံ့ သော ငှာ ဧ လိ ယ လာ မည်၊ မ လာ မည် ကို ကြည့် ကြ ကုန် အံ့ ဟု ဆို ၏။

Ver Capítulo Copiar

Judson Bible

36 လူ​တစ်​ယောက်​သည် ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျက်၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ချ​ယူ​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ထို​သူတို့​ထဲမှ လူ​တစ်ဦး​သည် ချက်ချင်း​ပြေး​၍ အချဉ်​ဖောက်ထားသော​စပျစ်ဝိုင်​၌ ရေမြှုပ်​ကို နှစ်​ပြီးလျှင် ကျူရိုးဖျား​၌ ချည်​လျက် ယေရှု​သောက်​ရန် ပေးလေ၏။ ထို့နောက် သူ​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို လက်ဝါးကပ်တိုင်​ပေါ်မှ အောက်​သို့ ချ​ရန် လာမည်​မလာမည်​ကို ကြည့်ကြစို့” ဟု ဆို၏။

Ver Capítulo Copiar

မြန်မာ

36 လူ​တစ်​ယောက်​သည် ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျက်၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ချ​ယူ​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို၏။-

Ver Capítulo Copiar




ရှင်မာကု 15:36
7 Referencias Cruzadas  

သူ​တို့​သည် အကျွန်ုပ်​၏​အစာ​အတွက် ဆေးခါး​ကို​ကျွေး​၍ အကျွန်ုပ်​ရေငတ်​သောအခါ ဝိုင်ချဉ်​ကို တိုက်​ကြ​ပါ​၏​။


ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။


ကိုယ်တော်​အား မုရန်​ရောစပ်​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် သောက်​တော်​မ​မူ။


အနီး​၌​ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။


ထို့နောက် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ချုပ်ငြိမ်း​တော်မူ​၏။


စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos