ရှင်မာကု 14:35 - မြန်မာ့စံမီသမ္မာကျမ်း35 ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ Ver CapítuloCommon Language Bible35-36 ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍ မြေပေါ် တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အဖခမည်းတော်၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်းကိုတတ်နိုင် တော်မူပါ၏။ ဤဒုက္ခဝေဒနာခွက်ကိုအကျွန်ုပ် ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော်၏အလို တော်အတိုင်းဖြစ်စေတော်မူပါ'' ဟူ၍မိမိ ခံရမည့်ဝေဒနာကိုလွှဲဖယ်ရန်ဖြစ်နိုင်ပါ က လွှဲဖယ်ပေးတော်မူပါမည့်အကြောင်းဆု တောင်းတော်မူ၏။ Ver CapítuloGarrad Bible35 ရှေ့ သို့ အ နည်း ငယ် ကြွ သွား ပျပ် ဝပ် လျက် ထို အ ချိန် နာ ရီ သည် ကိုယ် မှ လွန် သွား နိုင် လျှင် သွား စေ ရန် ပ ဌ နာ ပြု သည် မှာ၊ Ver CapítuloJudson Bible35 ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း35-36 ထို့နောက် ရှေ့သို့ အနည်းငယ် ကြွသွား၍ မြေပေါ်တွင် ပျပ်ဝပ်တော်မူပြီးလျှင် “အို အဖခမည်းတော်… ကိုယ်တော်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုဆန္ဒအရ မဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ” ဟု မိမိရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်အချိန်နာရီကို ဖြစ်နိုင်လျှင် လွန်သွားစေတော်မူရန်အတွက် ဆုတောင်းတော်မူ၏။ Ver Capítuloမြန်မာ35 ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော်၊- Ver Capítulo |
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။