ရှင်မာကု 12:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထိုအခါ ကျမ်းပြုဆရာတစ်ဦးသည် ချဉ်းကပ်လာ၍ သူတို့ငြင်းခုံပြောဆိုနေကြသည်ကိုကြားပြီး ကိုယ်တော်သည် သူတို့အား လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုမြင်လျှင် “ပညတ်ချက်အားလုံးတွင် မည်သည့်ပညတ်ချက်သည် ပထမဖြစ်သနည်း”ဟု မေးလျှောက်လေ၏။ Ver CapítuloCommon Language Bible28 ယင်းသို့သခင်ယေရှုနှင့်ဇဒ္ဒုကဲတို့အခြေအတင် ပြောဆိုနေကြစဉ် ကျမ်းတတ်ဆရာတစ်ယောက်သည် အနီးအပါး၌ရှိနေ၏။ သူတို့အားသခင်ယေရှု လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုကြား သဖြင့် ရှေ့တော်သို့လာ၍ကိုယ်တော်အား ``ပညတ် ရှိသမျှတို့တွင်အဘယ်ပညတ်သည်အကြီးမြတ် ဆုံးဖြစ်ပါသနည်း'' ဟုမေးလျှောက်ကြ၏။ Ver CapítuloGarrad Bible28 ထို ဆွေး နွေး ချက် ကို ကြား၍ လျှောက် ပတ် စွာ ဖြေ ဆို တော် မူ ကြောင်း သိ မြင် သော ကျမ်း တတ် ဆ ရာ တစ် ယောက် သည် ချဉ်း လာ လျက် ပ ညတ် ရှိ သ မျှ တွင် ပ ညတ် ဦး ကား မည် သည့် ပ ညတ် ပါ နည်း ဟု မေး ရာ၊ Ver CapítuloJudson Bible28 ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း28 ကျမ်းတတ်ဆရာတစ်ဦးသည် ယေရှုနှင့်ဇဒ္ဒုကဲတို့ ငြင်းခုံပြောဆိုနေကြသည်ကို နားထောင်လျက်ရှိ၏။ ကိုယ်တော်သည် သူတို့ကို ကောင်းမွန်စွာ ဖြေတော်မူသည်ကို သတိထားမိသဖြင့် ထိုကျမ်းတတ်ဆရာက “ပညတ်တော်အားလုံးတွင် မည်သည့်ပညတ်တော်သည် အရေးကြီးဆုံးဖြစ်သနည်း” ဟု မေးလျှောက်လေ၏။ Ver Capítuloမြန်မာ28 ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊- Ver Capítulo |
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။
သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။