Biblia Todo Logo
La Biblia Online
- Anuncios -




ရှင်မာကု 11:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့် ဤသို့​ပြု​ကြ​သနည်း’​ဟု သင်​တို့​ကို​မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်။ ဤ​နေရာ​သို့ ချက်ချင်း​ပြန်​ပို့ပေး​ပါ​လိမ့်မည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။

Ver Capítulo Copiar

Common Language Bible

3 ကြိုး​ဖြေ​၍​မြည်း​ကို​ယူ​ခဲ့​ကြ​လော့။ အ​ကယ်​၍ လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့​အား အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြေ​သ​နည်း​ဟု​မေး​လျှင် ထို​မြည်း ကို​အ​ကျွန်ုပ်​တို့​သ​ခင်​အ​လို​ရှိ​ပါ​သည်။ ချက်​ချင်း ပြန်​ပို့​ပေး​ပါ​လိမ့်​မည်​ဟု​ပြော​ကြ​လော့'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

3 အ ဘယ် ကြောင့် ထို သို့ ပြု သ နည်း ဟု မေး သူ ရှိ လျှင် အ ရှင် ဘု ရား အ လို တော် ရှိ သည်။ ချက် ခြင်း ပြန် ပို့ တော် မူ မည့် အ ကြောင်း ဆို ကြ ဟု မှာ တော် မူ လိုက် သည့် အ တိုင်း၊

Ver Capítulo Copiar

Judson Bible

3 သူ​တစ်​ပါး​က၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သင်​တို့​အား​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ထိုသူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 တစ်စုံတစ်ဦး​က သင်တို့​ကို ‘အဘယ်ကြောင့် မြည်း​ကို ကြိုးဖြေကြသနည်း’ ဟု မေး​လျှင် ‘သခင်​အသုံးပြုလို​သောကြောင့်​ဖြစ်၏။ ချက်ချင်း​ပြန်ပို့ပေးပါမည်’ ဟု ဖြေကြလော့” ဟူ၍ မိန့်မှာတော်မူ၏။

Ver Capítulo Copiar

မြန်မာ

3 သူ​တစ်​ပါး​က၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သင်​တို့​အား​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ထိုသူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။-

Ver Capítulo Copiar




ရှင်မာကု 11:3
11 Referencias Cruzadas  

သင်​၏​တန်ခိုး​ထင်ရှား​သော​နေ့​၌ သင်​၏​လူမျိုး​သည် စေတနာစိတ်​နှင့်​ပါဝင်​ကြ​လိမ့်မည်​။ သင်​၏​ပျိုရွယ်​ခြင်း​နှင်းစက်​သည် သန့်ရှင်း​သော​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် နံနက်အချိန်​ဝမ်းဗိုက်​ထဲမှ သင့်​ထံသို့​လာ​လိမ့်မည်​။


ထာဝရဘုရား​သည် မြေကြီး​နှင့် မြေကြီး​ပေါ်၌ ရှိသမျှ​သော​အရာ​တို့​ကို​လည်းကောင်း​၊ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​၌ နေထိုင်​သော​သူ​တို့​ကို​လည်းကောင်း ပိုင်​တော်မူ​၏​။


“သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်လျှင်ဝင်ချင်း​မည်သူ​မျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။


ထို့ကြောင့် သူ​တို့​သည်​ထွက်သွား​၍ လမ်း​ဘေး​အိမ်​တံခါး​တွင်​ချည်​ထား​သော မြည်း​ကလေး​တစ်​ကောင်​ကို​တွေ့​သဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။


ထိုအခါ သူ​သည် အဆင်သင့်​ခင်းကျင်း​ထား​သော​အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား ပြ​လိမ့်မည်။ ထို​နေရာ​၌ ငါ​တို့​အတွက် ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


“လူ​အပေါင်း​တို့​၏​စိတ်နှလုံး​ကို သိ​တော်မူ​သော​သခင်​ဘုရား၊


ဘုရားသခင်​သည် လူ​အပေါင်း​တို့​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​၍ အစ္စရေး​အမျိုးသား​တို့​ထံသို့ ပေးပို့​တော်မူ​သော​နှုတ်ကပတ်​တရား​ကို သင်​တို့​သိ​ကြ​၏။


ကိုယ်တော်​သည် အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာ​ခပ်သိမ်း​တို့​ကို လူ​အပေါင်း​တို့​အား ပေး​တော်မူ​သည်​ဖြစ်၍ တစ်စုံတစ်ခု​ကို​လိုအပ်​သည့်​အလား လူ့​လက်​ဖြင့်​ပြုစု​ခြင်း​ကို ခံ​တော်မူ​သည်​မ​ဟုတ်။


အကြောင်းမူကား သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်တော်​သည် ကြွယ်ဝ​သော်လည်း သူ​၏​ဆင်းရဲ​ခြင်း​အားဖြင့် သင်​တို့​ကြွယ်ဝ​ကြ​မည့်​အကြောင်း သင်​တို့​အတွက် ဆင်းရဲ​ခြင်း​ကို​ခံ​တော်မူ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos