ရောမ 8:34 - မြန်မာ့စံမီသမ္မာကျမ်း34 မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။ Ver CapítuloCommon Language Bible34 သို့ဖြစ်၍သူတို့အားအဘယ်သူပြစ်ဒဏ် စီရင်မည်နည်း။ ခရစ်တော်စီရင်မည်မဟုတ်။ အသေခံတော်မူသည်သာမက သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော် ယေရှုသည် ဘုရားသခင်၏လက်ယာတော် ဘက်တွင်ထိုင်တော်မူကာ ငါတို့အတွက် ဘုရားသခင်အားအသနားခံလျက်နေ တော်မူ၏။- Ver CapítuloGarrad Bible34 အ ပြစ် စီ ရင် ဝံ့ သူ ကား မည် သူ နည်း။ အ သေ ခံ တော် မူ သည် သာ မ ဟုတ်။ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက်၍ ဘု ရား သ ခင့် ယာ ဘက် တော် တွင် စံ သော ခ ရစ် တော် ယေ ရှု သည် ငါ တို့ အ ဖို့ အ သ နား ခံ လျက် နေ တော် မူ၏။ Ver CapítuloJudson Bible34 အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက်၊ ငါတို့အဖို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း34 သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။ Ver Capítulo |
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်