ရောမ 7:25 - မြန်မာ့စံမီသမ္မာကျမ်း25 သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏။ Ver CapítuloCommon Language Bible25 ငါတို့အရှင်သခင်ယေရှုခရစ်အားဖြင့်ကယ် ဆယ်တော်မူသောဘုရားသခင်၏ကျေးဇူး တော်သည်ကြီးလှစွတကား။ အချုပ်အားဖြင့်ငါ၏ဖြစ်ရပ်ကိုဖော်ပြရသော် ငါသည်စိတ်အားဖြင့် ဘုရားသခင်၏တရားတော် အောက်အစေခံသော်လည်းဇာတိသဘောအား ဖြင့်အပြစ်တရားအောက်အစေခံ၏။ Ver CapítuloGarrad Bible25 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး မြတ် လေ စွ။ ထို သို့ ဉာဏ် သ ဘော အ လျောက် ဘု ရား သ ခင့် ပ ညတ် တ ရား အောက် ငါ့ ကိုယ် တိုင် ကျွန် ခံ သော် လည်း ရုပ် သ ဘော အ လျောက် အ ပြစ် တ ရား အောက် ကျွန် ခံ ရ သ တည်း။ Ver CapítuloJudson Bible25 ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့လည်းကောင်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့လည်းကောင်း၊ ငါလိုက်တတ်၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း25 ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ကယ်တင်တော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်၏စိတ်နှလုံးအတွင်း၌ ဘုရားသခင်၏ပညတ်တရားကို နာခံလိုသော်လည်း လူ့ဗီဇစိတ်အားဖြင့်မူ အပြစ်တရားကို နာခံလျက် နေရ၏။ Ver Capítulo |
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။