ရောမ 7:14 - မြန်မာ့စံမီသမ္မာကျမ်း14 ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။ Ver CapítuloCommon Language Bible14 ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။- Ver CapítuloGarrad Bible14 ပ ညတ် တ ရား တော် သည် ဝိ ညာဉ် တော် နှင့် စပ် ဆိုင် ကြောင်း ငါ တို့ သိ ကြ၏။ ငါ မူ ကား အ ပြစ် တ ရား အောက် ကျွန် ခံ သူ၊ ဇာ တိ သ ဘော အောက် နေ သူ ဖြစ် လေ စွ။ Ver CapítuloJudson Bible14 ထိုမှတစ်ပါး၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 ပညတ်တရားသည် ဝိညာဉ်ရေးနှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်မှာမူ လူ့ဗီဇစိတ်နှင့်ဆိုင်သောသူဖြစ်ပြီး အပြစ်တရားထံ ရောင်းစားခြင်းခံရသူ ဖြစ်၏။ Ver Capítulo |
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူး၏အိမ်နှင့် မဝေးလှသောနေရာသို့ရောက်တော်မူသောအခါ တပ်မှူးသည် မိတ်ဆွေများကိုစေလွှတ်၍ “သခင်ဘုရား၊ အပင်ပန်းခံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။