ရောမ 6:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုနည်းတူ သင်တို့သည်လည်း အပြစ်အရာ၌ သေသောသူဖြစ်ပြီး ဘုရားသခင်၌ ခရစ်တော်ယေရှုအားဖြင့် အသက်ရှင်နေသည်ဟု ကိုယ့်ကိုယ်ကိုယ်မှတ်ယူကြလော့။ Ver CapítuloCommon Language Bible11 ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။ Ver CapítuloGarrad Bible11 ထို နည်း တူ ပင် သင် တို့ သည် အ ပြစ် တ ရား အ ရာ၌ အ သေ ဖြစ် လျက် ဘု ရား သ ခင့် အ ဖို့ မူ ကား ခ ရစ် တော် ယေ ရှု၌ ရှင် နေ သည် ဟု မှတ် ယူ ကြ လော့။ Ver CapítuloJudson Bible11 ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍လည်းကောင်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုနည်းတူ သင်တို့သည်လည်း အပြစ်တရားနှင့် အဆက်ပြတ်၍ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်အတွက် အသက်ရှင်သည်ဟု မိမိကိုယ်ကိုယ် မှတ်ယူကြလော့။ Ver Capítulo |
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။