ရောမ 3:24 - မြန်မာ့စံမီသမ္မာကျမ်း24 သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။ Ver CapítuloCommon Language Bible24 လူတို့အားအပြစ်မှလွတ်မြောက်စေတော်မူ သောခရစ်တော်ယေရှုကိုအကြောင်းပြု၍ ဘုရားသခင်သည်အခမဲ့ကျေးဇူးတော် အားဖြင့်လူတို့အားမိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူ၏။- Ver CapítuloGarrad Bible24-26 ယုံ ကြည် သော အား ဖြင့် အ သွေး တော် ကြောင့် အ ပြစ် ပြေ ရာ ပြေ ကြောင်း အ ဖြစ် ဘု ရား သ ခင် ဖွင့် ထား တော် မူ သည့် ခ ရစ် တော် ယေ ရှု၌ တည် သော ရွေး နုတ် ခြင်း ကြောင့် ကျေး ဇူး တော် အား ဖြင့် အ ဖိုး မဲ့ ဖြောင့် မတ် ရာ ရောက် ရ ကြ၏။ ထို သို့ ဖွင့် ထား တော် မူ သော် အ ထက် ပြစ် မှား မိ ကြ သော ပြစ် မှု များ ကို သည်း ခံ တော် မူ ရာ၌ ရွှေ့ ဆိုင်း သည် ကို ထောက်၍ ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန် လည်း ကောင်း၊ ယ ခု ခေတ် လည်း ကိုယ် တော် တိုင် ဖြောင့် မတ်၍ ယေ ရှု အား ယုံ ကြည် သူ တို့ ကို တ ရား သေ လွှတ် လျက် ပင် ဖြောင့် မတ် တော် မူ ကြောင်း ထင် ပေါ် စေ ရန်လည်း ကောင်း ဖြစ် သ တည်း။ Ver CapítuloJudson Bible24 ယေရှုခရစ်ရွေးနုတ်တော်မူသောအားဖြင့် အဖိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း24 သို့သော်လည်း သူတို့သည် ယေရှုခရစ်တော်၏ ရွေးနုတ်ခြင်းအားဖြင့် မိမိတို့အပြစ်များအတွက် အဖိုးအခကို မပေးရဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ Ver Capítulo |
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး