ရောမ 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။ Ver CapítuloCommon Language Bible6 ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။- Ver CapítuloGarrad Bible6 ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊ Ver CapítuloJudson Bible6 ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့ အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့၏ အကျင့်နှင့်အညီ အကျိုးအပြစ်ကို စီရင်တော်မူလိမ့်မည်။ Ver Capítulo |
“ထိုအမှုကို ငါတို့မသိခဲ့ပါ”ဟု သင်ဆိုလျှင်လည်း စိတ်နှလုံးတို့ကိုချိန်တွယ်တော်မူသောအရှင်သည် ထိုအရာကိုမသိနားမလည်ဘဲနေမည်လော။ သင်၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သည် မသိဘဲနေမည်လော။ ကိုယ်တော်သည် လူတို့အား မိမိလုပ်ဆောင်မှုနှင့်အညီ မဆပ်ပေးဘဲနေမည်လော။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။