ရောမ 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။ Ver CapítuloCommon Language Bible22 သင်သည်အခြားသူတို့အားသူတစ်ပါး၏ အိမ်ရာကိုမပြစ်မှားရန်တားမြစ်ပါလျက် အဘယ်ကြောင့်သင်ကိုယ်တိုင်ပြစ်မှားပါ သနည်း။ သင်သည်ရုပ်တုကိုရွံရှာပါလျက် အဘယ်ကြောင့် သင်ကိုယ်တိုင်ရုပ်တုတည်ရာ ဗိမာန်ကိုလုယက်ပါသနည်း။- Ver CapítuloGarrad Bible22 သူ့ သား အိမ် ရာ ကို မ ပြစ် မှား ရ ဟု ဆို လျက် ကိုယ် တိုင် ပြစ် မှား သ လော။ ရုပ် ပွား ဆင်း တု ကို ရွံ ရှာ လျက် ၎င်း ကျောင်း များ ကို လု ရက် သ လော။ Ver CapítuloJudson Bible22 သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း22 သူတစ်ပါးသားမယားကို မပြစ်မှားရန် တားမြစ်လျက်နှင့် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုများကို ရွံမုန်းလျက်နှင့် ၎င်းတို့၏ ဗိမာန်များကို ကိုယ်တိုင်လုယက်သလော။ Ver Capítulo |
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “မျက်စိကန်းသောအကောင်ကို ယဇ်ပူဇော်ရန် ယူဆောင်လာခြင်းသည် အပြစ်မဟုတ်လော၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယဇ်ပူဇော်ခြင်းသည် အပြစ်မဟုတ်လော၊ ထိုသို့သောအကောင်ကို သင့်ဘုရင်ခံအား ဆက်သကြည့်ပါလော့။ သူလက်ခံပြီး သင့်ကို မျက်နှာသာပေးလိမ့်မည်လော”ဟု မိန့်တော်မူ၏။