ရောမ 16:18 - မြန်မာ့စံမီသမ္မာကျမ်း18 အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။ Ver CapítuloCommon Language Bible18 သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။- Ver CapítuloGarrad Bible18 ထို သို့ သော သူ တို့ သည် ငါ တို့ အ ရှင် ခ ရစ် တော့် ထံ အ စေ ကို မ ခံ ဘဲ၊ ကိုယ့် ဝမ်း အ စေ ကို ခံ လျက်၊ သာ ယာ နာ ပျော် သော စ ကား ဖြင့် ရိုး သား သူ တို့၏ စိတ် နှ လုံး ကို လှည့် ဖြား တတ် ကြ၏။ Ver CapítuloJudson Bible18 အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။ Ver Capítulo |
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။
ငါကိန်းဝပ်ရာအရပ်၌ ပူဇော်ရန် ငါမိန့်မှာထားသောယဇ်နှင့် ပူဇော်သက္ကာကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း။ ငါ့လူမျိုးတော်အစ္စရေးတို့ပူဇော်သမျှတို့ထဲမှ အကောင်းဆုံးကိုယူ၍ သင်တို့ကိုယ်ကိုဝလင်စေခြင်းဖြင့် သင်သည် သင့်သားတို့ကို ငါ့ထက်ပို၍ အဘယ်ကြောင့်ဂုဏ်ပြုချီးမြှောက်သနည်း’ဟု မိန့်ဆို၏။