ရောမ 14:4 - မြန်မာ့စံမီသမ္မာကျမ်း4 သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကိုရပ်စေနိုင်တော်မူ၏။ Ver CapítuloCommon Language Bible4 သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။ Ver CapítuloGarrad Bible4 အ ရှင် တစ် ပါး၏ အ စေ ခံ ကို စီ ရင် သော သင် ကား မည် သူ နည်း။ ထို သူ တည် ရ ခြင်း၊ မ တည် ရ ခြင်း သည် ကိုယ့် အ ရှင် နှင့် သာ ဆိုင်၏။ တည် နေ စေ ရန် အ ရှင် ဘု ရား၌ တန် ခိုး ရှိ တော် မူ သော ကြောင့် သူ တည် နေ လိမ့် မည်။ Ver CapítuloJudson Bible4 သူတစ်ပါးပိုင်သော လူကို စစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏အပြစ်ကိုလွှတ်ခြင်းငှာ တတ်နိုင်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း4 သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏ အစေခံကို အပြစ်တင်မည်နည်း။ ထိုအစေခံ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ်ဖြစ်သည်၊ မဖြစ်သည်ကို သူ၏ သခင်က ဆုံးဖြတ်လိမ့်မည်။ သူ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို ကူမနိုင်စွမ်းရှိတော်မူသောကြောင့် ဖြစ်၏။ Ver Capítulo |
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊