ရောမ 14:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထို့ကြောင့် ဤနည်းဖြင့် ခရစ်တော်ကိုအစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပြီး လူတို့ရှေ့၌ ယုံကြည်စိတ်ချရသူဖြစ်၏။ Ver CapítuloCommon Language Bible18 ဤနည်းအားဖြင့်ခရစ်တော်၏အမှုတော် ကိုဆောင်ရွက်သူအားဘုရားသခင်နှစ်သက် တော်မူ၏။ လူတို့လည်းချီးမွမ်းကြ၏။ Ver CapítuloGarrad Bible18 ထို သို့ ခ ရစ် တော်၏ အ စေ တော် ကို ခံ သူ သည် ဘု ရား သ ခင့် စိတ် တော် နှင့် တွေ့ ရာ လူ တို့ ရှေ့ မျက် နှာ ရ ရာ ရောက် လိမ့် မည်။ Ver CapítuloJudson Bible18 ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဖွယ်၊ လူတို့တွင် ချီးမွမ်းဖွယ်ဖြစ်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။ Ver Capítulo |
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး၊ သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။