ရောမ 12:7 - မြန်မာ့စံမီသမ္မာကျမ်း7 အမှုတော်ဆောင်ဖြစ်လျှင် အမှုတော်ကိုဆောင်ရွက်စေ။ သွန်သင်သောသူဖြစ်လျှင် သွန်သင်ခြင်းကိုပြုစေ။ Ver CapítuloCommon Language Bible7 အကယ်၍ငါတို့၏ဆုကျေးဇူးသည်သူတစ်ပါး တို့အား ကူညီမစနိုင်စွမ်းဖြစ်ပါကကူညီမစ ကြရမည်။ ဋ္ဌမ္မပညာပို့ချနိုင်စွမ်းဖြစ်လျှင် ဋ္ဌမ္မပညာပို့ချကြရမည်။- Ver CapítuloGarrad Bible7 အ မှု တော် ဆောင် ဆု ဖြစ် လျှင် ဆောင် ရွက် ခြင်း၊ သင် ကြား ဆု ဖြစ် လျှင် သင် ကြား ခြင်း၊ Ver CapítuloJudson Bible7 ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 အမှုတော်ဆောင်ရွက်ခြင်းဖြစ်လျှင် အမှုတော်ကို ကောင်းစွာ ဆောင်ရွက်ကြရမည်။ သွန်သင်ခြင်းဖြစ်လျှင် ကောင်းစွာ သွန်သင်ကြရမည်။ Ver Capítulo |
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။