ရောမ 12:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထို့ကြောင့် လက်တုံ့မပြန်ဘဲ “သင့်ရန်သူဆာလောင်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။” Ver CapítuloCommon Language Bible20 ထို့ကြောင့်လက်စားချေမည့်အစားကျမ်းစာ တော်တွင်ပါရှိသည့်အတိုင်းပြုကျင့်လော့။ ကျမ်းစာတော်က ``သင်တို့၏ရန်သူသည်ဆာ ငတ်မွတ်သိပ်လျှင်ကျွေးမွေးလော့။ ရေငတ်လျှင် သောက်ရေကိုပေးလော့။ ဤသို့ပြုခြင်းအား ဖြင့်သင်သည်သူ့အားအရှက်ရစေလိမ့်မည်'' ဟုဖော်ပြသည်။- Ver CapítuloGarrad Bible20 သင်၏ ရန် သူ သည် ဆာ မွတ် လျှင် ကျွေး မွေး လော့။ ငတ် လျှင် လည်း တိုက် လော့။ ထို သို့ ပြု ခြင်း အား ဖြင့် သူ့ ဦး ခေါင်း ပေါ် မှာ မီး ကျီး ပုံ သ ကဲ့ သို့ ဖြစ် စေ လိမ့် မည်။ Ver CapítuloJudson Bible20 ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း20 လက်တုံ့ပြန်မည့်အစား ဤသို့ပြုလော့။ “သင်၏ ရန်သူတို့သည် ဆာလောင်လျှင် ကျွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် သူတို့၏ ခေါင်းပေါ်၌ မီးခဲကို ပုံထားသကဲ့သို့ ဖြစ်လိမ့်မည်။” Ver Capítulo |