ရောမ 11:7 - မြန်မာ့စံမီသမ္မာကျမ်း7 သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။ Ver CapítuloCommon Language Bible7 ထို့ကြောင့်အဘယ်သို့ပြောရမည်နည်း။ ဣသရေလ အမျိုးသားတို့သည်မိမိတို့ရှာသောအရာကို မတွေ့ကြကြောင်းထင်ရှားနေသည်။ ထိုအရာကို တွေ့ရှိကြသူများမှာဘုရားသခင်ရွေးကောက် တော်မူသောလူနည်းစုပင်ဖြစ်ပေသည်။ ကျန် သောသူတို့သည်ကားဘုရားသခင်၏ဖိတ် ခေါ်တော်မူသံကိုမကြားကြ။- Ver CapítuloGarrad Bible7 သို့ ဖြစ် လျှင် မည် သို့ နည်း။ ဣ သ ရေ လ လူ မျိုး အ နက် ရွေး ကောက် တော် မူ သူ တို့ သာ ထို လူ မျိုး တို့ လိုက် ရှာ ရာ ကို တွေ့ မှီ ကြ၍ ကျန် သူ တို့ ကား စိတ် ခဲ ယဉ်း ကြ၏။ Ver CapítuloJudson Bible7 သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 ထို့ကြောင့် မည်သို့ဆိုရမည်နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေကြသည့် ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို မရရှိကြပေ။ ဘုရားသခင်ရွေးကောက်တော်မူခြင်းကို ခံရသောသူတို့ကသာ ရရှိကြပြီး ကျန်ရှိသောသူတို့မှာ ခေါင်းမာကြ၏။ Ver Capítulo |
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။